KIA၊ PDF အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ ပြည်သူများအပေါ် ရက်စက်ယုတ်မာ ရိုင်းစိုင်းခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA၊ PDF အကြမ်းဖက်သောင်းကျန်းသူများက အပြစ်မဲ့ ပြည်သူများအပေါ် ရက်စက်ယုတ်မာ ရိုင်းစိုင်းခြင်း



နေပြည်တော်၊ ဇွန် ၁၈

ΚΙΑ 1 PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၇ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့် တွင် အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများ သည် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ခုံခမ်းရပ် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ရပ်ကွက်အတွင်းနေထိုင်လျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်သည့် ဒေါ်အေးဖြူ (၄၈) နှစ် (ဘ) ဦးတင်ငွေ ရင်ဘတ်တွင် ဒုံးသီးစ ဖောက်ဝင် (သေဆုံး)၊ ဒေါ်ခင်ဆွေဆွေသန်း (၂၂) နှစ် (ဘ) ဦးအောင်ကျော်ညွန့် လည်ပင်းနှင့် ညာ ဒုံးသီးစဖောက်ဝင်ဒဏ်ရာများ၊ မဖူးပွင့်ဝေဝေခိုင် (၁၄) နှစ် (ဘ) ဦးကျော်သီဟဝင်း ဦးခေါင်းနှင့်ဘယ်ခြေ ဒုံးသီးစ ဖောက်ဝင်ဒဏ်ရာများဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဒဏ်ရာရရှိသူများအား ရွှေကူမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် တိုက်ပွဲများ ဖော်ဆောင်ခြင်းများ လုပ်ဆောင်မှုကြောင့် မြို့၊ရွာများရှိ ဘာသာရေး အဆောက်အဦများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)