မဲခေါင်ခရီးသွားလာရေးဖိုရမ် (MTF) ၂၀၂၆ ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲခေါင်ခရီးသွားလာရေးဖိုရမ် (MTF) ၂၀၂၆ ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ








ရန်ကုန်၊ ဇွန် ၁၇

မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ရည်ရွယ်သည့် Mekong Tourism Forum (MTF) 2026 ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ Tourism for People, Travel with Purpose ဟူသော ဆောင်ပုဒ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊  စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဌာနဆိုင်ရာမှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ပခမဦးစွာ ဖျော်ဖြေရေးအဖွဲ့၏ ကြိုဆိုနှုတ်ခွန်းဆက် အကပဒေသာများဖြင့် စတင်ဖွင့်လှစ်သည်။ 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး H.E. Huot Hak က အထူးအမှာစကား ပြောကြားသည်။

ဆက်လက်၍ မဲခေါင်ခရီးသွားလာရေး ပေါင်းစပ်ညှိနှိုင်းရေးရုံး (MTCO) ၏ အမှုဆောင်ဒါရိုက်တာ Ms. Suvimol Thanasarakij က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ Asian Ecotourism Network (AEN) ၏ တည်ထောင်သူနှင့် အကြံပေးဖြစ်သူ Mr. Masaru Takayama က Tourism for People: A Force for Good ခေါင်းစဉ်ဖြင့် ပင်မအဓိကဒေသန္တရဆိုင်ရာ ဟောပြောပွဲ (Keynote Address) အဓိကအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ကိုယ်စားလှယ်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းသည်၊၊


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)