ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီမှ ကျင်းပသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာညီလာခံတက်ရောက်စဉ်ကာလအတွင်း ဇင်ဘာဘွေနိုင်ငံမှ၊ Patiotic Front of Zanu ပါတီမှ အထွေထွေအတွင်းရေးမှူး Mr. Jacob Francis Nzwidamilimo Mudenda နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ၁၀:၁၅ နာရီအချိန်တွင် Brest မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်ရေး၊ နှစ်ပါတီဆက်ဆံရေးတိုးတက်ကောင်းမွန်ပြီး လူငယ်နှင့်အမျိုးသမီးရေးရာ ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ပါတီမီဒီယာမှ ထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဌာနမှူး ဦးနိုင်ဝင်းတို့ တက်ရောက်ခဲ့ကြပြီး Patiotic Front of Zanu ပါတီမှ အထွေထွေအတွင်းရေးမှူး Mr. Jacob Francis Nzwidamilimo Mudenda နှင့်အတူ အဖွဲ့ဝင် (၅)ဦးတက်ရောက်ခဲ့သည်။
#MNP #News



No comments:
Post a Comment