ပခုက္ကူမြို့နှင့်ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးအား ဖယ်ရှားရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နှင့်ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးအား ဖယ်ရှားရှင်းလင်း



နေပြည်တော်၊ ဇွန် ၁၅

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေရန်၊ ခရီးသွားပြည်သူများ ထိခိုက် အန္တရာယ်ဖြစ်စေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်စေရန် ရည်ရွယ်ကာ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းမကြီးများ၊ ရထားလမ်းများအား ဖောက်ခွဲရေး ပစ္စည်းကိရိယာ များအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို အသိတရားမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိပခုက္ကူမြို့နှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးတစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ် ပြုလုပ် ကာ မိုင်းထောင်ပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူများကို တောလမ်းများအား ရှောင်ကွင်းလမ်း အဖြစ် အသုံးပြုစေကာ ဂိတ်ဖွင့်၍ ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း တာဝန်သိဒေသခံ ပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပြီး အဆိုပါကားလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကံမမြို့နယ်၊ ညောင်ဂျစ်ပင်ရွာအနီး ကားလမ်းဘေးဝဲ/ယာဘက်များ၌ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၁၅ လုံး၊ လက်လုပ်နင်းမိုင်း ၈ လုံး၊ လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးကို လည်းကောင်း၊ ဇွန်လ ၁၄ ရက်နေ့တွင် ကားမိုင်းကြီး ၈ လုံး၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၃ လုံး၊ PVC ပိုက် ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးကို လည်းကောင်း စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံး တို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်း များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)