မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကမ္မ-မြိုင်သွား ကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံးအား ထပ်မံဖယ်ရှားရှင်းလင်းနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကမ္မ-မြိုင်သွား ကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံးအား ထပ်မံဖယ်ရှားရှင်းလင်းနိုင်ခဲ့



နေပြည်တော်၊ ဇွန် ၁၇

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့ နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်း တစ်လျှောက်တွင် ဖြတ်သန်းသွားလာသူများ ထိခိုက်၊ ပျက်စီး၊ သေဆုံးစေရန်၊ သွားလာရေးခက်ခဲ စေရန် ယုတ်မာသောရည်ရွယ်ဖြင့် ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်း အဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက် လျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကားလမ်းဘေး ဝဲ/ယာဘက်များ၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၈ လုံး၊ ပလပ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းအသေး ၃ လုံး၊ လက်လုပ် ရှေ့ထွက်မိုင်း ၅ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် မိုင်း ၄ လုံး၊ စုစုပေါင်း လက်လုပ် မိုင်းမျိုးစုံ ၂၀ လုံးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူ များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)