မြောက်ဥက္ကလာပမြို့နယ်တွင် သာသနာ့နွယ်၀င် သံဃာတော်များ နှင့် သီလရှင်များအားကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် သာသနာ့နွယ်၀င် သံဃာတော်များ နှင့် သီလရှင်များအားကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ဆက်လက်ထိုးနှံပေး




မြောက်ဥက္ကလာ၊ ဇွန်  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သာသနာ့နွယ်၀င် သံဃာ တော်များ နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Vaccine)ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ သတ်မှတ် ကျောင်းများတွင်ယနေ့ နံနက်ပိုင်းက ကျန်းမာရေး၀န်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်  မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း  ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိဘုန်း ကြီးကျောင်း၊သီလရှင်ကျောင်းများ ရှိ သာသနာ့နွယ်၀င် သံဃာ တော်များ နှင့် သီလရှင်များအား ကာကွယ်ဆေး မထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး သာသနာ့နွယ်၀င် သံဃာ တော်များ နှင့် သီလရှင်များအားကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)