ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ ဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ ဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ






ဂန့်ဂေါ၊ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်း အမျိုးမျိုး ကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းနေ အရွယ်ကလေးများအား အသက်အရွယ်သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး အတွက် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲများကိုကျင်းပလျက်ရှိရာ  ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် စာမေးပွဲဒုတိယနေ့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြင့် ဖြေဆိုလျက်ရှိကြသည်။

ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် Grade-1 မှ Grade-8 ထိ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထား သည့် ကျောင်းသား(၃၇၅)ဦး၊ ကျောင်းသူ(၅၅၇)ဦး စုစုပေါင်း(၉၃၂)ဦးရှိပြီး ယနေ့နံနက်ပိုင်းတွင် မူလတန်းဆင့် Grade-1 မှ Grade-3 ထိ သိပံ္ပနှင့်လူမှုရေး(နှုတ်ဖြေ)မေးခွန်းနှင့် Grade-4 မှ Grade-8 ထိ အင်္ဂလိပ်စာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား (၃၃၃)ဦး၊ ကျောင်းသူ(၄၇၉)ဦး စုစုပေါင်း( ၈၁၂) ဦးရှိကာ ပျက်ကွက်သူ ကျောင်းသား(၄၂)ဦးနှင့် ကျောင်းသူ (၇၈)ဦး စုစုပေါင်း(၁၂၀)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း (၈၇.၁၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် စာမေးပွဲကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာဝန်ခံခရိုင် ပညာရေးမှူးဦးဝင်းမြင့်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမ များ၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာယာစွာဖြေဆို နိုင်ရေးအတွက် စာစစ်ဌာနအနီးပတ်ဝန်းကျင်၌ ဆူညံသံများနှင့် အနှောင့်အယှက်များမရှိစေရေး ကြီးကြပ် ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မေ  မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)