ရန်ကုန်၊ ဇူလိုင် ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌသည် ရုံးချုပ် နှင့်ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၄)ရက်က မှော်ဘီမြို့နယ်သို့ သွားရောက်၍ ဇွန်လအတွက် စတုတ္ထနေ့အဖြစ် မီတာဖတ်ရှုထားမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများနှင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုလျှော့ချရေး ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာမှော်ဘီမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီးမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှုလျှော့ချနိုင်ရေး ဆောင်ရွက်မှုအခြေအနေများအား စစ်ဆေးပြီး ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ မှော်ဘီမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများမှ ရပ်ကွက်များအတွင်း ဓာတ်အားဖြန်ဖြူးမှု အခြေအနေများကို လှည့်လည်စစ်ဆေးခဲ့သည်။
ထို့နောက် (၃၃/၁၁)ကေဗွီ(၂၀)အမ်ဗွီအေ အုတ်စက်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများ၊ ဓာတ်အားလေလွင့်ဆုံးရှုံးမှုအခြေအနေများ၊ မီတာဖတ်မှတ် တမ်းရေးသွင်းထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဓာတ်အားလေလွင့်ပျောက်ဆုံးမှုများပြားနေသည့် (၃၃)ကေဗွီမြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းများ၏ မီတာများအား ရှောင်တခင်သွား ရောက်စစ်ဆေးပြီး လိုင်းတစ်လျှောက်ပျောက်ဆုံးယူနစ်များ ခွဲခြားသိရှိနိုင်ရန် (၃၃)ကေဗွီ Check Meter (၂)လုံးအမြန်တပ်ဆင်လျှက် တရားမဝင်ဓာတ်အားသုံးစွဲမှုအား စောင့်ကြည့်ထိန်းချုပ်ရန် မှာကြားဆောင်ရွက် ပေးခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က အသိပေးတင်ပြထားသည်။
#MNP #News







No comments:
Post a Comment