အနီးစခန်းလေဆိပ်သစ်ဖွင့်လှစ်သည့်နေ့တွင် လေကြောင်းလိုင်းများ စတင်ပျံသန်းပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အနီးစခန်းလေဆိပ်သစ်ဖွင့်လှစ်သည့်နေ့တွင် လေကြောင်းလိုင်းများ စတင်ပျံသန်းပြေးဆွဲ





နေပြည်တော်၊ ဇူလိုင် ၁၂

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ဒေသတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး နှင့် စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသစ်တည်ဆောက်ပြီးစီးခဲ့သော အနီးစခန်းလေဆိပ်ကို ယမန်နေ့က နိုင်ငံတော်သမ္မတ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုး-အနီးစခန်း-နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့်မင်္ဂလာလေကြောင်း လိုင်းက ရန်ကုန်-တာချီလိတ်-အနီးစခန်း-ရန်ကုန်ခရီးစဉ်တို့ကို စတင်ပျံသန်းပြေးဆွဲကြောင်း သိရသည်။

အနီးစခန်းလေဆိပ်ကို အခြေပြု၍ ရှမ်းပြည်နယ်အတွင်းရှိ တာချီလိတ်၊ ဟဲဟိုးမြို့များနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများသို့ တိုက်ရိုက်ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့က ယနေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့ များတွင် ပုံမှန်ပျံသန်းပြေးဆွဲသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)