မန္တလေးမြို့ ရေခဲစက်လုပ်ငန်းတစ်ခုတွင် တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှု လျှပ်စစ်ဥပဒေဖြင့် အရေးယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့ ရေခဲစက်လုပ်ငန်းတစ်ခုတွင် တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှု လျှပ်စစ်ဥပဒေဖြင့် အရေးယူ



မန္တလေး၊ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ရေခဲစက်လုပ်ငန်းတစ်ခုတွင် တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန် ၂၆ ရက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဇွန် ၂၆ ရက်က ခရိုင်နှင့် မြို့နယ်များတွင် အထွေထွေမန်နေဂျာအဆင့် ဦးစီးစစ်ဆေးရေးအဖွဲ့များက စက်မှုလုပ်ငန်းများ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် စာသင်ကျောင်းများရှိ လျှပ်စစ်မီတာ စုစုပေါင်း ၁၀၁၈ လုံးကိုစစ်ဆေးခဲ့ရာ အဆိုပါရေခဲစက်လုပ်ငန်း၏ စီတီမီတာတွင် ချွတ်ယွင်းချက်နှင့် Seal များ ပျက်ယွင်းနေသည်ကို တွေ့ရှိခဲ့သည်။

ဆက်လက်စစ်ဆေးရာ မီတာအတွင်း C Phase CT ကို Bypass ပြုလုပ်၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာကိုဖြုတ်သိမ်းကာ ဓာတ်အားဖြတ်တောက်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား ယူနစ် ၃၆၂၇၄၀ ဆုံးရှုံးခဲ့ရပြီး နစ်နာကြေးနှင့် ဓာတ်အားခအဖြစ် ငွေကျပ် ၁၈၁ ဒသမ ၃၇ သန်း ပေးဆောင်စေရန် ဆောင်ရွက်ထားသည့်အပြင် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို နိုင်ငံတစ်ဝန်း ဆက်လက်စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တွေ့ရှိပါက သတင်းပေးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)