ဒုတိယသမ္မတ ဦးညိုစော နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီ (ပထမအကြိမ်) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဦးညိုစော နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီ (ပထမအကြိမ်) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ ဇူလိုင် ၁၈

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သစ်တောဦးစီးဌာန ရုံးအမှတ် (၃၉) အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ၊ ပင်လယ်ကမ်းရိုးတန်းနှင့်သက်ဆိုင်သော ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် စားနပ် ရိက္ခာဖူလုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တိုးတက်ရေးအတွက် အလွန်အရေးပါသော အရင်းအမြစ်များဖြစ်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန် မျှော်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲခြင်းအားဖြင့် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များရရှိအောင် အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများအဖြစ် တရားမဝင်ငါးဖမ်း ဆီးမှုလျော့နည်းစေရေး Vessel Monitoring System (VMS) စနစ် အသုံးပြုခြင်း၊ ငါးမဖမ်းရရာသီနှင့် ဧရိ ယာများသတ်မှတ်ခြင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ရေထုညစ်ညမ်းမှု ဆိုင်ရာဥပဒေရေးဆွဲခြင်း၊ သုတေသနနှင့် ပညာရေးကဏ္ဍများ မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် ပလတ်စတစ်စီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ဒီရေတော များတိုးချဲ့ထိန်းသိမ်းရေးတို့ကိုလည်း တိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

၂ဝ၂၄ ခုနှစ်တွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းသယံဇာတဘက်စုံစီမံ အုပ်ချုပ်ခြင်း (Integrated Coastal Management - ICM) ကို အခြေခံ၍ အစိမ်းရောင်စီးပွားရေး (Green Economy)၊ ပင်လယ်ကမ်းရိုးတန်းဒေသဆိုင်ရာ အပြာရောင်စီးပွားရေး (Blue Economy) နှင့် ပတ်လည်စီးပွားရေး (Circular Economy) အယူအဆများကို ပေါင်းစပ်ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ထိထိရောက်ရောက် ဖော်ဆောင်ပေးသွားနိုင်မည်ဖြစ်ကြောင်း။

ကော်မတီဝင်အားလုံးအနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက်ဌာန၊ အဖွဲ့အစည်းများအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို ယနေ့အစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံ အုပ်ချုပ်လုပ်ကိုင်မှုနှင့်စပ်လျဉ်း၍ ဌာနအလိုက်၊ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)