Pages

Pages

မိုးညိုမြို့နယ်၌ ရေဘေးကြိုတင်ကာကွယ်‌ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်



မိုးညို၊ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ရေဘေးကြိုတင်ကာကွယ်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့သည် ဧရာဝတီမြစ်ကမ်းနှင့်နီး‌သောကြောင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျ‌ရောက်လာပါက ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ကျေးရွာအုပ်စုများအလိုက် တာဝန်များခွဲဝေချထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် ဘေးအန္တရာယ်ကျရောက်ခဲ့ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးပစ္စည်းများအား အသင့်ထားရှိရန် မှာကြားသည်။

ထို့နောက် မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနများက မိမိတို့၏ဆောင်ရွက်ထားရှိမှုများကို တင်ပြခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ့နှိုင်းခဲ့ကြောင်း သိရသည်။


ကိုမင်း

#MNP #News


No comments:

Post a Comment