Pages

Pages

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၆၆ စင်တီမီတာခန့်အလို ရောက်ရှိနေ



ညောင်ဦး၊ ဇူလိုင်  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၆၆ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ခံ ဦးအောင်ကိုမင်းထံက သိရသည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်ထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၆၆ စင်တီမီတာ လိုကြောင်း၊ ယနေ့ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၀၅၄ စင်တီမီတာရှိနေကာ တဖြည်းဖြည်း တက်လာနေကြောင်း၊ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံကသိရသည်။

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ် ရောက်ရှိရန်နီးကပ်လာပြီဖြစ်ရာ စိုးရိမ်ရေမှတ်နားရောက်ရှိလာပါက ဧရာဝတီမြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများထံက သိရသည်။


ဒီပါလင်း

#MNP #News


No comments:

Post a Comment