Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆ ခုနှစ်(မိုးရာသီ) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်





ကျိုက်ထို၊ ဇူလိုင်   ၁၀

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆ ခုနှစ်(မိုးရာသီ) ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၀ရက် နံနက် ၈နာရီတွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးကံ‌စောလှိုင်က အမှာစကားပြောကြားပြီး အမှတ်(၂)ခြေလျင်တပ်ရင်းမှဗိုလ်မှူးအောင်မြင့်ထွန်း ၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ဒုတိယခရိုင်အုပ်ချုပ်‌ရေးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင့်လွင် နှင့် မြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်တို့က  စိုက်ပျိုးမည့်ပျိုးပင်များကိုဌာနဆိုင်ရာတာဝန်ရှိသူများ၊အခြေခံပညာကျောင်းအုပ်ကြီးများ၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ ထံပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊အမှတ်(၂)ခြေလျင်တပ်ရင်းမှဗိုလ်မှူးအောင်မြင့်ထွန်း ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၈၁၇)ဦးတို့က ပျိုးပင်ပေါင်း ၅၀၀ ပင်ကိုတပျော်တပါးစိုက်ပျိုးခဲ့ကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment