မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ ဆက်လက်ကျင်းပ






တာမွေ၊ ဇူလိုင် ၂၇

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ကျင်းပသည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (Tastes of the Golden Land-2026) ဒုတိယနေ့ကို ယမန်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ဆက်လက်ကျင်းပခဲ့ရာ ပွဲတော်သို့ လာရောက်လည်ပတ်လေ့လာသူများဖြင့် အထူးပင်စည်ကားခဲ့သည်။

ရှေးဦးစွာ ကရင်ရိုးရာဖျော်ဖြေရေးအဖွဲ့က ရိုးရာသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပွဲတော်သို့လာရောက်လည်ပတ်ကြသူများအား ကံစမ်းမဲများ ဖောက်ပေးခဲ့သည်။ ဆက်လက်၍ ပွဲတော်လာရောက်လည်ပတ်ကြသူများအား ဒေသရိုးရာအစားအစာများကို ပြင်ဆင်ချက်ပြုတ်၍ မိတ်ဆက်ဧည့်ခံ ကျွေးမွေးခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (Tastes of the Golden Land-2026)သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစားအသောက်များကို နိုင်ငံတကာအဆင့်မီ တည်ခင်း ဧည့်ခံနိုင်ရန်၊ မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားကျော်ကြားလာစေရန်နှင့် မြန်မာ့ ရိုးရာအစားအစာများကို အခြေခံပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင် ဆွဲဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသော အနက်အဓိပ္ပာယ်ရှိလှသည့် ပြိုင်ပွဲနှင့်ပြပွဲကြီး တစ်ခု ဖြစ်သည်။

ထို့အပြင် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ ချက်ပြုတ်တည်ခင်းဧည့်ခံနိုင်ရန် ပြိုင်ပွဲ ပြုလုပ်ရုံသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဒေသထွက်အစားအစာများ၊ ဒေသရိုးရာအစားအစာများ၊ ကော်ဖီ၊ လက်ဖက်စသည့် ထုတ်ကုန်များကိုပါ တစ်နေရာတည်းတွင်  လေ့လာကြည့်ရှု ဝယ်ယူစားသောက်နိုင် အောင် ပြသခြင်း၊ ရောင်းချခြင်းတို့ကိုလည်း အရောင်းပြခန်းပေါင်း ၁၂၀ ဖြင့် ပြသရောင်းချပေးလျက်ရှိပြီး ပွဲတော် သို့ လာရောက်လည်ပတ်လေ့လာသူများဖြင့် အထူးပင်စည်ကားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)