အမေရိကန် တပ်တွေထိနေပြီလို့ သတင်းထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် တပ်တွေထိနေပြီလို့ သတင်းထုတ်ပြန်


ဇူလိုင် - ၁၈ (စနေနေ့ ) 

ဒီအပတ်အစောပိုင်းတုန်းက အီရန်က ဂျော်ဒန်မှာရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်ခဲ့လို့ အမေရိကန်စစ်သည်တချို့ ဒဏ်ရာရသွားတယ်လို့ သောကြာနေ့က CBS သတင်းမှာ ဖော်ပြထားတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတာနဲ့ တီဟီရန် (အီရန်အစိုးရ) ဘက်ကလည်း နောက်ထပ် တစ်ကျော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုနေတဲ့ ဂျော်ဒန်အခြေစိုက်စခန်း အနည်းဆုံး နှစ်ခု တိုက်ခိုက်ခံရတာ ဖြစ်ပြီး “အမေရိကန်စစ်သည်တချို့ ဒဏ်ရာရခဲ့တယ်” လို့ အမေရိကန်အရာရှိ တော်တော်များများက အမည်မဖော်လိုတဲ့ အခြေအနေနဲ့ သတင်းဌာနကို ပြောပြထားတာပါ။ ကံကောင်းတာက အမေရိကန်ရော ဂျော်ဒန်ဘက်ကပါ သေဆုံးသူတော့မရှိဘူးလို့ သိရတယ်။ ဒါပေမဲ့ ဒဏ်ရာရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

အမေရိကန် စစ်ဝန်ကြီးဌာန ဘက်ကတော့ ဒဏ်ရာရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြား အတည်ပြုတာမျိုး ဒါမှမဟုတ် CBS သတင်းဌာနရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ပြောဆိုတာမျိုး အခုထိ မလုပ်သေးဘူး။ တိုက်ခိုက်မှုတွေက ဘယ်အချိန်မှာ အတိအကျ ဖြစ်ပွားခဲ့တာလဲ၊ ပြီးတော့ ဘယ်အခြေစိုက်စခန်းတွေ အတိုက်ခိုက်ခံရလဲ ဆိုတာလည်း အသေအချာ မသိရသေးပါဘူး။ အမေရိကန် တိုက်လေယာဉ်တွေဟာ ဂျော်ဒန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကနေ ပုံမှန် ပျံသန်းလှုပ်ရှားလေ့ ရှိပေမဲ့ ဝါရှင်တန် (အမေရိကန်အစိုးရ) ကတော့ သူတို့တပ်ဖွဲ့တွေ အသုံးပြုနေတဲ့ စခန်းတွေအားလုံးကို လူသိရှင်ကြား ထုတ်ဖော်ပြောလေ့ မရှိပါဘူး။

ပြီးခဲ့တဲ့ အပတ်က အမေရိကန်ဘက်က အီရန်ပိုင်နက်ကို နောက်တစ်ကြော့ ပြန်လည်တိုက်ခိုက်ခဲ့လို့ အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အိုမန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တရစပ် ပြန်ပစ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းတုန်းကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ် ဟာ အီရန်နိုင်ငံအပေါ် ခုနစ်ရက်မြောက် (ခုနစ်ညဆက်တိုက်) အဖြစ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြန်တယ်။ အဲဒါကြောင့် အီရန်ဘက်ကလည်း နောက်ထပ်တစ်ကြော့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်လာအောင် ထပ်ပြီး ဆွပေးလိုက်သလို ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ 

စနေနေ့မနက်ပိုင်းမှာပဲ အီရန်စစ်တပ်ဘက်ကနေ သူတို့ရဲ့ "လျှပ်စီးလက် အော်ပရေးရှင်း" ရဲ့ ၁၄ ခုမြောက် အဆင့်အနေနဲ့ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အယ်လ်အာဇရတ် လေတပ်စခန်းက လောင်စာဆီကန်တွေ၊ ကူဝိတ်နိုင်ငံ အယ်လ်အူဒေရီ စခန်းက ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေအပြင်၊ အလီအယ်လ်ဆလမ် လေတပ်စခန်းမှာရှိတဲ့ ဌာနချုပ်အဆောက်အအုံတွေ၊ ခဲယမ်းတိုက်တွေနဲ့ ဆက်သွယ်ထားတဲ့ တံတားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)