ထရမ့်က အမေရိကန်တွေအပေါ်ကို သစ္စာဖောက်တယ်လို့ စွပ်စွဲခံရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က အမေရိကန်တွေအပေါ်ကို သစ္စာဖောက်တယ်လို့ စွပ်စွဲခံရ


ဇူလိုင် - ၁၈ ( စနေနေ့ ) 

သတင်းစာဆရာ တပ်ကာ ကာလ်ဆင် ကတော့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုယ့်နိုင်ငံအကျိုးစီးပွားထက် ပြည်ပနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ပိုဦးစားပေးပြီး အမေရိကန်ပြည်သူတွေကို သစ္စာဖောက်လိုက်တဲ့ အတွက် အခုဆို အမေရိကန်နိုင်ငံဟာ တော်လှန်ရေးဖြစ်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောလိုက်ပါတယ်။

သောကြာနေ့က ထုတ်လွှင့်ခဲ့တဲ့ ဘလွန်းဘာ့ဂ် သတင်းဌာန နဲ့ အင်တာဗျူးမှာ အရင်က ထရမ့်ကို အပြည့်အဝ ထောက်ခံခဲ့ဖူးတဲ့ ဒီကွန်ဆာဗေးတစ် နိုင်ငံရေးဝေဖန်သမားက သမ္မတဟာ အမေရိကန် အပေါ်  "လုံးဝ သစ္စာမရှိဘူး" လို့ စွပ်စွဲခဲ့ပြီး "တခြား ပြည်ပအာဏာရှိတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ပေါင်းပြီး အမေရိကန်ပြည်ထောင်စုကို လိမ်လည်လှည့်ဖြားခဲ့တယ်" လို့တောင် ပြင်းပြင်းထန်ထန် ပြောသွားခဲ့တာပါ။

ကာလ်ဆင်က "ဒါကြောင့်မို့လို့လည်း နိုင်ငံတွေမှာ တော်လှန်ရေး ဖြစ်ကြတာပေါ့" လို့ ပြောခဲ့သလို "ကျနော်ကိုယ်တိုင်လည်း တော်လှန်ရေး ဖြစ်တာကို မလိုချင်ပါဘူး၊ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ တော်လှန်ရေး ဖြစ်လာတော့မှာပဲ" လို့လည်း သတိပေး စကားဆိုသွားခဲ့ပါတယ်။

Fox News ရဲ့သတင်း တင်ဆက်သူဟောင်းဖြစ်တဲ့ ကာလ်ဆင်ဟာ အစောပိုင်းတုန်းကတော့ ထရမ့်ရဲ့ ၂၀၂၄ ခုနှစ် ပြန်လည်အရွေးခံရမယ့် မဲဆွယ်ပွဲကို ထောက်ခံပေးခဲ့တာပါ။ ဒါပေမဲ့ အီရန်အရေးကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်နဲ့ သဘောထားကွဲလွဲသွားခဲ့တာ ဖြစ်ပါတယ်။ သူက အခုဆို အမေရိကန်ပြည်သူ အတော်များများဟာ သူတို့နိုင်ငံရဲ့ နိုင်ငံရေးစနစ်က ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ် ဆိုတာကို မယုံကြည်ကြတော့ဘူးလို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် ရီပတ်ဘလီကန်ပါတီဟာလည်း သူတို့ကတိပေးထားခဲ့တဲ့  (နောက်ကွယ်က ကြိုးကိုင်အာဏာစက်) ကို ဖြိုဖျက်ပစ်မယ်ဆိုတဲ့ ကတိတွေ ကို မတည်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ဂျက်ဖရီ အက်ပ်စတိန်း ရဲ့ ဖိုင်တွဲတွေကို ကိုင်တွယ် ဖြေရှင်းခဲ့ပုံတွေကို ကြည့်ရင်ပဲ ထောက်ခံသူတွေ ဘာကြောင့် ပါတီအပေါ် ယုံကြည်မှု ပျက်ပြားသွားရ သလဲဆိုတာ သက်သေပြနေတာပဲလို့ သူက ပြောပါတယ်။

ကာလ်ဆင်ဟာ ဂါဇာစစ်ပွဲမှာ အမေရိကန်က အစ္စရေးကို ထောက်ခံပေးနေတဲ့အပေါ် ပိုပြီးတော့ ဝေဖန်လာခဲ့သလို၊ ၂၀၂၅ ခုနှစ် ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ အီရန်တို့ရဲ့ ၁၂ ရက်ကြာစစ်ပွဲ အတွင်း အီရန်ကို ဝင်မတိုက်ဖို့ ထရမ့်ကို လူသိရှင်ကြား တိုက်တွန်းခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ကြား က အက်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်က အစ္စရေးနဲ့အတူ ပူးပေါင်းပြီး အီရန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပိုပြီး နက်ရှိုင်းသွားခဲ့တာပါ။ အဲဒီတုန်းက ကာလ်ဆင်က ထရမ့်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားထက် အစ္စရေးရဲ့ အကျိုးစီးပွားကို ပိုဦးစားပေးနေပါတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ရဲ့ "စစ်မှန်တဲ့ ကိုးကွယ်ရာဘာသာ" က "အစ္စရေးဝါဒ" ဖြစ်နေပြီလို့ တင်စားခဲ့သလို၊ အီရန်စစ်ပွဲဟာလည်း "ရွံရှာစရာကောင်းပြီး ယုတ်မာတဲ့စစ်ပွဲ" ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ကာလ်ဆင်က "ထရမ့်ဟာ အမေရိကန်အစိုးရကို အရှေ့အလယ်ပိုင်းက အစ္စရေးဆိုတဲ့ ဒီနိုင်ငံသေးသေးလေး ရဲ့ စိတ်ကြိုက်ကြိုးကိုင် မောင်းနှင်တာကို ခွင့်ပြုခဲ့တယ်၊ ဒါဟာ ကျနော်တို့အတွက် အင်မတန်မှ နစ်နာဆုံရှုံးစေပါတယ်" လို့ ဆိုပါတယ်။ ဒီလို ထရမ့်ရဲ့ လုပ်ရပ်အပေါ် သူကိုယ်တိုင် တိုက်ရိုက် ကန့်ကွက်ငြင်းခုံခဲ့ဖူးပေမဲ့လည်း "ဘာမှ ထူးမလာခဲ့ဘူး" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ "အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ အမေရိကန်ပြည်ထောင်စုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တဲ့ အီရန်နဲ့ စစ်ပွဲထဲကို ရောက်သွားရတော့တာပဲ" လို့ သူက ပြောပါတယ်။

ဒီအင်တာဗျူးဟာ အမေရိကန်ဘက်က အီရန်အပေါ် စစ်ရေးအရ ဆက်လက်တိုက်ခိုက်နေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)