ပေါင်၊ ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ကဒါရပ်ကွက်၌ ဇူလိုင်လ(၅)ရက်နေ့ ညပိုင်းတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြည်သူများကို ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုင်မောင်အေးနှင့်အဖွဲ့ဝင်များ၊မုဒုံမြို့နယ် လင်းလက်အနာဂတ်လူမှုအခြေပြုအဖွဲ့များမှ ပံ့ပိုးငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုင်မောင်အေးနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ထောင်စု (၉၂)စုရှိ ပြည်သူများအား တစ်အိမ်ထောင်လျှင် (၃၀,၀၀ဝိ/-) ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၆၀,၀၀ဝိ/-)၊ မုဒုံမြို့နယ် လင်းလက်အနာဂတ်လူမှုအခြေပြုအဖွဲ့မှ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများကို လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး
#MNP #News





No comments:
Post a Comment