ပုသိမ်၊ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာ့ပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်းအဖြစ် မှတ်ပုံတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံကိန်းစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦစီးမှုးနှင့်ဝန်ထမ်းများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ညွှန်ကြားရေးမှုး ဒေါက်တာစိမ့်သန္တာထွန်းတို့မှ မူပိုင်ခွင့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ မြန်မာ့ပေါ်ဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များအား ဒေသဆိုင်ရာအညွှန်းဖြင့် အကာအကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
#News #MNP


No comments:
Post a Comment