ထားဝယ်၊ ဇူလိုင် ၁၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၌ Video Conferencing System ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်းက ပြည်ထောင်စုတရားသူကြီးချုပ်၏မိန့်ခွန်းကို ထပ်ဆင့်ဖတ်ကြားပြီး ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်သည့် ဒေါ်ရင်ရင်သန်းနှင့် ဒေါ်ထွေးထွေတို့က တရားစီရင်ရေးဆိုင်ရာများကို လမ်းညွှန်မှာကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်ဇော်ဦးက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များနှင့်စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
#News #MNP

No comments:
Post a Comment