ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစား၍ သီလဝါအထူးစီးပွားရေးဇုန်ကို ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစား၍ သီလဝါအထူးစီးပွားရေးဇုန်ကို ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြော


နေပြည်တော်၊ ဇူလိုင် ၁၀

သီလဝါအထူးစီးပွားရေးဇုန် (SEZ) နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် စီမံဆောင်ရွက်မှုများမှာ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က သူမ၏ telegram channel မှ ရေးသား ပြောဆိုထားသည်။

ဒေါက်တာခိုင်ခိုင်စိုး က "သီလဝါအထူးစီးပွားရေးဇုန်ဟာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း အထူးအလေးထားပြီး ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီလဝါ SEZ အတွင်းရှိ ဂျပန်အပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိစေရေး၊ ကုန်ကြမ်းတင်သွင်းမှုလိုင်စင်များကို ဦးစားပေးစိစစ်ခွင့်ပြုပေးရေးနှင့် One-Stop Service (OSS) ကို အပြည့်အဝ ဆက်လက်လည်ပတ်ပေးနိုင်ရေးတို့ကို  အလေးထား ဆောင်ရွက်နေပါတယ်။ SEZ အတွင်းရှိ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်များကိုလည်း လက်ရှိကုန်သွယ်မှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံသူကုမ္ပဏီများ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရေးကို အခြေခံ၍ ဦးစားပေးကဏ္ဍနှင့် ပစ္စည်းအမျိုးအစားအလိုက် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ဆိုသည်။

အလားတူ လက်ရှိဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းဆိုတဲ့ သဘောမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွား နှစ်ဖက်စလုံးကို မျှတစွာ ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)