နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ဂါရဝပြု တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ဂါရဝပြု တွေ့ဆုံ




ကတ္တမန္ဒူး၊ ဇူလိုင် ၁၀

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာ ရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ ၁၀၀၀ နာရီတွင် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနသို့ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက Honourable Mr. Khadak Raj Paudel အား ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး မြန်မာ-နီပေါနှစ်နိုင်ငံအကြား သာသနာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက် နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)