Pages

Pages

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများ ဖယ်ရှားခြင်းမဟုတ်၊ အချိုးအစားမမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြောကြား





နေပြည်တော်၊ ဇူလိုင် ၁၀

ပြည်ဖျက်မီဒီယာများနှင့် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများက ဗိုလ်ချုပ်ရုပ်ထုများနှင့် ပတ်သက်၍ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် နည်းမျိုးစုံဖြင့် ရေးသားဖြန့်ဝေလျက်ရှိရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က "လက်ရှိတွင် အချို့ဒေသများရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို ဖယ်ရှားနေသည်ဟု မီဒီယာအချို့တွင် ဖော်ပြနေသည်ကို တွေ့ရှိရပါတယ်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်" ဟု ပြောဆိုထားသည်။

ဆက်လက်၍ ဒေါက်တာခိုင်ခိုင်စိုး က "ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ရဲ့ အထိမ်းအမှတ်ရုပ်ထုတွေကို ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားတွေကလည်း သမိုင်းတန်ဖိုးနဲ့ အစဉ်အလာကို မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ယနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ အချို့ ရုပ်ထုများရဲ့ အချိုးအစား၊ ပုံသဏ္ဍာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေ အနေနဲ့ မြန်မာ့သမိုင်းအမွေအနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်" ဟု ရှင်းလင်း ပြောဆိုထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို NLD အစိုးရလက်ထက်တွင် မြို့နယ်အနှံ့ထုလုပ်ခဲ့ရာ အများပြည်သူထံမှ အလှူငွေများ ကောက်ခံ၍ အလှူငွေအလွဲသုံးစားလုပ်ပြီး ပုံသဏ္ဍာန်မကျ၊ အရည်အသွေးမမီ ထုလုပ်ခဲ့သည့် ရုပ်ထုများကြောင့် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် အလှူငွေ အဝေမတည့်၍ နှစ်ဖွဲ့ကွဲကာ ရုပ်ထု ၂ခု အပြိုင်ထုလုပ်ခဲ့ကြသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။


#MNP #News

No comments:

Post a Comment