နေပြည်တော်၊ ဇူလိုင် ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ မကြာမီပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Ms. Sara Austin Netzer အနေဖြင့် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာနိုင်ငံနှင့် UNOPS တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် UNOPS မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment