ကော့သောင်းမြို့၌ တိုင်းရင်းသားရေးရာဟောပြောဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့၌ တိုင်းရင်းသားရေးရာဟောပြောဆွေးနွေးပွဲ ကျင်းပ






ကော့သောင်း၊ ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ပညာရေး၊ငြိမ်းချမ်းရေး၊ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းရင်းသားရေးရာဆွေးနွေးပွဲကို ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာက "ယနေ့အခမ်းအနားသည် တက်ရောက်လာသူများအတွက် အသိပညာနှင့် အတွေ့အကြုံများစွာ ရရှိစေမည့်အပြင် နိုင်ငံရေး၊ သမိုင်းနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ အမြင်ကျယ်မှုများကို ရရှိစေမည့် တန်ဖိုးမဖြတ်နိုင်သော အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊"Experience is the best teacher "ဆိုသည့် အတိုင်း "အတွေ့အကြုံသည် အကောင်းဆုံးဆရာ "ဟုဆိုသောကြောင့် ဟောပြောမည့် ဆရာများ၏ အတွေ့အကြုံများသည် မိမိကိုယ်တိုင်၊ မိမိဒေသနှင့်မိမိ၏နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဟောပြောမှုပင်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ အောင်မြင်ခြင်း၊ ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ပညာရေးအဆင့်ကို ဖော်ပြနေခြင်းပင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ ပညာတတ်မှသာ အဆိုး၊ အကောင်းကို ခွဲခြားနိုင်ပြီး အမှား၊ အမှန်ကို သုံးသပ်နိုင်မည်ဖြစ်ပါ‌ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် ပညာရေး အပေါ်သာ မူတည်နေပါကြောင်း၊ ပညာရေးမြင့်မားလျှင် နိုင်ငံရေးအတွေးကို တွေးခေါ်နိုင်သည့် နည်းလမ်းဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအပေါ် မူတည်ပြီး တိုင်းရင်းသားများ အားလုံးသည်လည်း "We are MYANMAR"ဆိုသည့်စိတ်ထားရန် အထူးလိုအပ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှုနှင့်အတူ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝမြင့်မားစေဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိနေပါကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် Go with the Government ဆိုသည့် စကားအတိုင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်ရန်နှင့် ဟောပြော ဆွေးနွေးချက်များအား ကိုယ့်ဒေသအကျိုးအတွက် ပါဝင်ဆွေးနွေးကြပါရန် " ပြောကြားသည်။

ဆက်လက်၍ သမိုင်းပညာရှင် ဒေါက်တာနန်းလှိုင်က" လူငယ်နှင့်နိုင်ငံရေးအသိအမြင်" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြော၍ ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများ"အကြောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေး၍ ဟောပြောဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)