ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် LMC and Multilateralism: Challenges and Ways Forward for Shared Growth ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဒေသတွင်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် LMC and Multilateralism: Challenges and Ways Forward for Shared Growth ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဒေသတွင်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်




ဆီရမ်ရိ၊ ဇူလိုင် ၁၀

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ၉-၇-၂၀၂၆ ရက်မှ ၁၁-၇-၂၀၂၆ ရက်ထိ ဆီရမ်ရိမြို့တွင် ကျင်းပသည့် LMC and Multilateralism: Challenges and Ways Forward for Shared Growth ဒေသတွင်းနှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကိုကိုမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ 

ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E . Mr. MEAS Kim Heng က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကိုကိုမောင် က “နိုင်ငံရေးနှင့်လုံခြုံရေးရှုထောင့်” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင်လည်းကောင်း၊ ဒေါ်ကယ်ရယ်အင်(န်)ချစ်သာ က “ယန္တရားရေးဆွဲပုံဖော်ခြင်းနှင့်မူဝါဒကိုက်ညီမှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်လည်းကောင်း အဓိကဆွေးနွေးသူများအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)