မြောက်ဥက္ကလာပမြို့နယ် ရေစီးရေလာ ကောင်းမွန်ရေး မရှိဆင်းရဲသားများကိုသာ အဓမ္မဖျက်ဆီးသော်လည်း အခိုင်အမာကျူးသူများကို မျက်ကွယ်ပြုထားဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် ရေစီးရေလာ ကောင်းမွန်ရေး မရှိဆင်းရဲသားများကိုသာ အဓမ္မဖျက်ဆီးသော်လည်း အခိုင်အမာကျူးသူများကို မျက်ကွယ်ပြုထားဟုဆို









ရန်ကုန်၊ ဇူလိုင် ၁၈

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ သီတချောင်းဘေး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန် ကျူးဖျက်ရာတွင် အိမ်ထောင်စု ၇၀ ကို အဓမ္မဖျက်သွားကြသော်လည်း မြောင်းပေါက်ကို ပိတ်ပြီး စီးပွားလုပ်စား နေတဲ့ lucky star ဖူဆယ် ဘောလုံးကွင်း၊ ရွှေအိမ်တော် မဂ်လာခန်းမ တို့မှာ မဖျက်ရကြောင်း အမည်မဖော်လိုသူတစ်ဦး က ပြောသည်။

မြန်မာနေရှင်နယ်ပို့စ်ထံ ဆက်သွယ်ပြောဆိုသူက "နွမ်းပါးတဲ့သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့ စိတ်ထဲမကောင်းဘူး။ ဖျက်မယ်ဆိုရင်လည်း တပြေးညီ ဖျက်ပေါ့။ အဖျက်ခံရတဲ့သူတွေက နေစရာမရှိလို့ ကျူးနေတာ။ ကျူးပြီး စီးပွားရှာနေတဲ့ ဟာတွေကို မဖျက်ဘဲထားတာတော့ မတရားပါဘူး" ဟု ပြောသည်။

မြောက်ဥက္ကလာမြို့နေ ပြည်သူတစ်ဦးက "မြောက်ဥကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ခင်မျာ - လူကြီးမင်းတို့ ရက်တစ်ရာ စီမံကိန်းထဲမှာ ပါတဲ့ ရေစီး ရေလာကောင်းမွန်ရေး လုပ်ငန်းများ လုပ်တဲ့ အတွက် မလွတ်ကင်းတဲ့ အိမ်တွေဖျက်တာကို လက်ခံပါတယ်။ ဒါပေမယ့် ဥပဒေ ကမရှိဆင်းရဲသား‌တွေအတွက် ပဲ ဖြစ်ပြီး ပိုက်ဆံရှိ လူတန်းစားတွက် မပါသလို ခံစားရပါတယ်။ မြေပြင်မှာ လက်တွေ့ပါ ၂ရပ်ကွက်၊ သီတာချာင်းမလွတ်ကင်း လို့ ဖျက်ရတာအ ခြေခံလူတန်းစား အိမ်ထောင်စု ၇၀ ကျော် အိမ်တွေက ဖျက်ရပြီး တဖက်ခြမ်း မြောင်းပေါက်ကို ပိတ်ပြီး စီးပွားလုပ်စား နေတဲ့ lucky star ဖူဆယ် ဘောလုံးကွင်း၊ ရွှေအိမ်တော် မဂ်လာခန်းမ (မြောင်းကိုတောင် လမ်းကြောင်းပြောင်း) များကတော့မဖျက်ရပါ (မြို့တော်ဝန် လာကြည့်ချိန် အဖျက်ပြ) တွေ့ရပါသည်။ ထို့ကြောင့် ဥပဒေ သည် မျှမျှတတ မဖြစ်ပါ။ ဥက္ကဋ္ဌ အနေနဲ့ မျှမျှတတ ဖြစ်အောင် စီမံပေးဖို့လိုပါသည်။" ဟု ထောက်ပြ ပြောဆိုထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)