တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတက်ရောက်










ပုသိမ်၊ ဇူလိုင် ၂၅

၂၀၂၅-၂၀၂၈သက်တမ်း (ပထမအကြိမ်) ဧရာဝတီတိုင်းပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့၊ Golden Bay ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ဂုဏ်ထူးဆောင်နာယကက မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းတည်ထောင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ကျင်းပသည့် ဧရာဝတီတိုင်း ပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး AGM သည် အသင်း၏ နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုများကိုပြန်လည်သုံးသပ်ခြင်း၊ အတွေ့အကြုံများကို ဖလှယ်ခြင်း၊ အနာဂတ်လုပ်ငန်းဦးတည်ချက်များကိုချမှတ်ခြင်းနှင့် အသင်း၏ အဖွဲ့အစည်းစွမ်းဆောင်ရည်ကို ပိုမိုခိုင်မာစေမည့် အရေးပါသော အစည်းအဝေးတစ်ရပ် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် စားနပ်ရိက္ခာဖူလုံရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခု ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးသည် စပါးထုတ်လုပ်မှုသာမက ပြောင်းအပါအဝင် အခြားစီးပွားရေးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် အလားအလာမြင့်မားသောဒေသဖြစ်ပါကြောင်း၊ ပြောင်းလုပ်ငန်း သည် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို ချိတ်ဆက်ပေးသည့် ကဏ္ဍဖြစ်သောကြောင့် အလုပ်အကိုင်ဖန်တီးရေးနှင့် ဒေသတွင်း စီးပွားရေး လည်ပတ်မှုကို အားကောင်းစေသည့်ကဏ္ဍတစ်ခုလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် ပြောင်းစိုက်ပျိုးမြေ ဧက (၄၀,၀၀၀) ကျော် ရှိပြီး နှစ်စဉ် ပြောင်းတန်ချိန် (၁၄၀,၀၀၀) ကျော် ထွက်ရှိလျက်ရှိပြီး ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပဈေးကွက်အတွက်ပါ အရည်အသွေးမြင့်ပြောင်း ထုတ်လုပ်ပေးနိုင်သည့်အရေးပါသော ထုတ်လုပ်မှုဒေသတစ်ခု ဖြစ်လာ နိုင်ပါကြောင်း၊ ထွက်ရှိသည့်ကုန်များကို ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့တိုက်ရိုက် တင်ပို့နိုင်ပါက တိုင်းဒေသကြီး၏GDPတိုးတက်လာမည်ဖြစ်သည့်အတွက် ဧရာဝတီပြောင်းအသင်းအနေဖြင့် ပြောင်းစိုက်ဧကတိုးချဲ့နိုက်ရေး၊ ပုသိမ်ဆိပ်ကမ်းမှအခြားနိုင်ငံများသို့တင်ပို့နိုင်ရေး ပိုမိုအား ထုတ်ဆောင်ရွက်စေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌက အသင်း၏ ဆောင်ရွက်ချက်များနှင့် ဧရာဝတီပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌက ရှေ့လုပ်ငန်းစဉ်များ တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဧရာဝတီပြောင်းအသင်း၏ ပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)