အီရန်ကို တိုက်ဖို့အတွက် အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို အကုန်ဆွဲထုတ်တော့မယ်လို့သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ကို တိုက်ဖို့အတွက် အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို အကုန်ဆွဲထုတ်တော့မယ်လို့သိရ


ဇူလိုင် - ၁၆ ( ကြာသပတေးနေ့ ) 

အမေရိကန်က အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲကို ပိုပြီးအာရုံစိုက် တိုးချဲ့လာတဲ့အတွက်ကြောင့် အီရတ်နိုင်ငံမှာ ၂၃ နှစ်ကြာ တပ်စွဲထားခဲ့တဲ့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အဆုံးသတ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီတို့က လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ထက် နောက်မကျစေဘဲ အမေရိကန်တပ်ဖွဲ့တွေ အီရတ်ကနေ ထွက်ခွာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ၂၀၀၃ ခုနှစ်ကဖြစ်ခဲ့တဲ့ ကျူးကျော်စစ်နဲ့ သမ္မတဟောင်း ဆဒ္ဒမ်ဟူစိန်ကို ဖြုတ်ချမှုကနေ စတင်ခဲ့ပြီး နောက်ပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှာ ဆက်ရှိနေခဲ့တဲ့ အမေရိကန်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို အပြီးတိုင် အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အီရတ်နိုင်ငံမှာ အမေရိကန်စစ်သည်အင်အား ၂,၀၀၀ လောက် ကျန်ရှိနေသေးတယ်လို့ ယူဆရပါတယ်။

ထရမ့်က "အဲဒီမှာ စစ်တပ် ဆက်ထားဖို့ မလိုတော့ဘူးလို့ ထင်တယ်" လို့ ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံ မတည်မငြိမ်ဖြစ်သွားပြီးနောက်ပိုင်း အီရတ်ရဲ့ လုံခြုံရေးအခြေအနေက ပြောင်းလဲသွားပြီလို့ သူက ယူဆနေတာပါ။

အီရတ်ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီကလည်း စက်တင်ဘာလကုန်မှာ အမေရိကန်တပ်တွေ အားလုံးထွက်ခွာသွားမှာ ဖြစ်ပြီး သူတို့နေရာမှာ "အမေရိကန်ကုမ္ပဏီတွေ ဝင်လာလိမ့်မယ်" လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ထရမ့်ရဲ့အပြောအရ အီရတ်နိုင်ငံရဲ့ ရေနံသီးသန့်စီမံကိန်းတွေကို အခြေခံပြီး နောက်ပိုင်းမှာ အမေရိကန်နဲ့ အီရတ်ရဲ့ ဆက်ဆံရေးက ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ကဏ္ဍကိုပဲ အဓိကဇောက်ချ လုပ်ကိုင်သွားတော့မှာပါ။ နှစ်နိုင်ငံကြားထဲမှာ "စီးပွားရေး အပေးအယူတွေ အများကြီးလုပ်သွားမှာ" ဖြစ်သလို အမေရိကန်အနေနဲ့လည်း "ရေနံတွေ အများကြီး ထုတ်ယူသွားမှာဖြစ်တယ်" လို့ သူက ဆိုပါတယ်။

တကယ်တော့ အမေရိကန်ဟာ ၂၀၀၃ ခုနှစ် မတ်လတုန်းက သမ္မတဟောင်း ဆဒ္ဒမ်ဟူစိန် ကို အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေတဲ့ လက်နက်တွေရှိနေပြီး အကြမ်းဖက်အဖွဲ့တွေနဲ့လည်း ပတ်သက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်ကို ကျူးကျော်ခဲ့တာပါ။ အဲဒီလက်နက်တွေကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ပေမဲ့ ၂၀၀၇ ခုနှစ် ရောက်တဲ့အခါမှာတော့ အီရတ်မှာရှိတဲ့ အမေရိကန်စစ်သည်အင်အားဟာ ၁ သိန်း ၇ သောင်းကျော်အထိ တိုးလာခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)