Pages

Pages

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများအား မြဝတီမြို့ အမှတ် (၂)ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေး





မြဝတီ၊ ဇူလိုင် ၇

တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများအား မြဝတီမြို့ အမှတ် (၂)ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့၇.၇.၂၀၂၆ ရက်နေ့တွင် နိုင်ငံခြားသား (၉)ဦး ကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

ဖိလစ်ပိုင်နိုင်ငံသား Mrs.Lelian Diane Agpoon (သ)၂၆ နှစ်ပါ မ ၃ဦးအား ထိုင်းနိုင်ငံဆိုင်ရာဖိလစ်ပိုင်နိုင်ငံသံရုံးမှ Pol.Colonel,Neftaly Adia Donato ထံသို့လည်းကောင်း၊  နီပေါလ်နိုင်ငံသား Mr.Sakar Pariyar (သ)၂၂ နှစ်အားလည်းကောင်း၊ အီသီယိုးပီးယားနိုင်ငံသား Mr.Mela Mena (သ)၃၂ နှစ်ပါ ကျား ၂ ဦး ၊မ ၁ ဦး ၊ပေါင်း ၃ဦးအားလည်းကောင်း၊  ယူဂန္ဓာနိုင်ငံသား Mr.Kizto Dalton (သ)၂၄နှစ်အားလည်းကောင်း ယင်းနိုင်ငံများမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရသော ထိုင်းနိုင်ငံအခြေစိုက် Global Advance Project Foundation မှ Ms.Miller Amy Kristen ထံသို့လည်းကောင်း ၊  ရုရှားနိုင်ငံသား Mrs.Loichenko Ahha Cepteebha(သ)၂၈ နှစ်အား ထိုင်းနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Mr.Nikita Belous ထံသို့လည်းကောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင် (လဝက)ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးတို့က စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment