Pages

Pages

လ ပေါ်မှာ အခြေစိုက်စခန်းတွေ ဆောက်ဖို့ တရုတ်နဲ့ အမေရိကန် အပြိုင်အဆိုင်ကျဲနေပြီ


ဇူလိုင် - ၇ ( အင်္ဂါနေ့ ) 

အမေရိကန်နဲ့ တရုတ် နှလုံးသားချင်းတူတဲ့ နှစ်နိုင်ငံစလုံးဟာ လာမယ့်နှစ်တွေအတွင်း လပေါ်ကို လူသားတွေ စေလွှတ်ဖို့နဲ့ အဲဒီမှာ အမြဲတမ်းအခြေစိုက်စခန်းတွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေကြတာမို့ အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ “အာကာသပြိုင်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲနေရတာပါ” လို့ နာဆာ (NASA) အကြီးအကဲ ဂျရက် အိုက်ဆက်မန်း က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ ၁၉၆၉ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အကြား အပိုလိုစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လကမ္ဘာဆီကို အာကာသယာဉ်မှူးတွေ (၆) ကြိမ်တိုင်တိုင် စေလွှတ်ခဲ့ပြီး၊ လပေါ်ကို လူသားတွေ စေလွှတ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံအဖြစ် အခုထိ ရှိနေဆဲပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က CBS ရုပ်သံရဲ့ ‘Face the Nation’ အစီအစဉ်နဲ့ လူတွေ့မေးမြန်းခန်းတစ်ခုမှာ အိုက်ဆက်မန်းက တရုတ်နိုင်ငံအနေနဲ့ “သူတို့ရဲ့ အာကာသယာဉ်မှူးတွေကို လပေါ်ကို မလွဲမသွေ ပို့ဆောင်နိုင်လိမ့်မယ်၊ ဒါက သံသယဖြစ်စရာကို မလိုတာပါ” လို့ အလေးအနက် ပြောကြားခဲ့ပြီး ပေကျင်းရဲ့ လကမ္ဘာသွားမယ့် စီမံကိန်းဟာ “မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ရှေ့ဆက်နေတယ်” လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး နာဆာအကြီးအကဲက “အဓိကမေးခွန်းက အမေရိကန်ဟာ သူတို့ထက် အရင် လပေါ်ကို ပြန်ရောက်မလား၊ ပြီးတော့ ဒီတစ်ခေါက်မှာ အရင်ကနဲ့မတူဘဲ ကွဲပြားတဲ့ ပုံစံမျိုးနဲ့ သွားမလားဆိုတာပါပဲ။ ကျနော်တို့ အခြေစိုက်စခန်းဆောက်ပြီး ရေရှည်တည်ရှိနေအောင် လုပ်နိုင်မလားဆိုရင်တော့ လုပ်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

၎င်းကပဲ “ကျနော်တို့ ၂၀၂၉ ထဲမှာ လပေါ်မှာ စခန်းဆောက်နိုင်ဖို့အတွက် စတော့မှာပါ။ တိတိကျကျဆိုရင် ၂၀၂၈ နှစ်ကုန်ပိုင်းမှာ စနိုင်ဖို့စီစဉ်ထားပါတယ်။ တရုတ်တွေကလည်း အဲ့လိုလုပ်လိမ့်မှာပါ။ သိပ်မကြာတော့ပါဘူး” လို့ ဆက်ပြောပါတယ်။ 

အမေရိကန်နိုင်ငံဟာ လာမယ့်နှစ်နှစ်အတွင်း လပေါ်ဆင်းသက်နိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းက အာတဲမစ်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အာကာသယာဉ်မှူးတွေကို လကမ္ဘာအနီးကနေ ဖြတ်ပျံသန်းမယ့် ခရီးစဉ်တစ်ခု စေလွှတ်ခဲ့ပါတယ်။ ဒါ့အပြင် နာဆာ (NASA) ဟာ ၂၀၂၇ ခုနှစ်ကျရင် လပေါ်မှာ အခြေစိုက်စခန်းတစ်ခုကို စတင်တည်ဆောက်သွားမှာဖြစ်လို့ အာကာသယာဉ်မှူးတွေ လမျက်နှာပြင်ပေါ် ရောက်တဲ့အချိန်မှာ “အဲဒီမှာ လပေါ်စီးတဲ့ယာဉ်တွေ၊ လကမ္ဘာသုံး မော်တော်ယာဉ်တွေအပြင် အခြေခံအဆောက်အအုံတချို့ စတင်ရှိနေပါလိမ့်မယ်” လို့ အိုက်ဆက်မန်းက ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment