နေပြည်တော်၊ ဇူလိုင် ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ ၁၆၃၀ အချိန် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ၊ ကျိုင်းတုံ - တာချီလိတ်သွားကားလမ်းတွင် မနန်းခမ်းလွတ် မောင်းနှင်လာသည့် HONDA FIT SHUTTLE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းစိမ်း အလေးချိန် ၁၀.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၇၃.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မနန်းခမ်းလွတ်(၄၅)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment