တံတား၊ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်း၊ မူလတန်း (လွန်) ကျောင်း၊ မူလတန်းကျောင်းနှင့် ပညာရွှေတံတား (ကိုယ်ပိုင်မူလတန်း) ကျောင်းတို့တွင် တံတားမြို့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစည်သူထွန်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဆရာ၊ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက သံကောင်၊ တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန်နည်းလမ်းများ၊ စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါအကြောင်းအရာများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ပြီး သွားစစ်ဆေးပေးခြင်းနှင့် မျက်စိ၊ နားစစ်ဆေးပေးခြင်း၊ ဖျားနာသူရှိက ကြည့်ရှုစမ်းသပ်ပေးခြင်း၊ သွားပိုးစားရောဂါ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ
#MNP #News


No comments:
Post a Comment