နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်





နတ်မောက်၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ဇူလိုင် ၁၈ ရက် နံနက် ၇ နာရီက မြို့ပေါ်ရှိဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် အတွင်း/အပြင်ရှိ အမှိုက်လှည်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပန်းအလှပင်များအား ပုံဖော်၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


လှဝင်း

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)