နေပြည်တော်၊ ဇူလိုင် ၁၅
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင် မကွေးမြို့၌ ကျင်းပခဲ့သည့် “ဝါစိုက်ပျိုးမှုမှသည် အထည် အလိပ် စက်မှုလုပ်ငန်းဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲရလဒ်အဖြစ် ဝါစိုက်ပျိုးဧက တိုးမြှင့်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဝါအထွက်နှုန်း ပန်းတိုင်အထိရရှိရေးနှင့် ပြည်ပတင်ပို့မှု ပမာဏမြင့်မားလာစေရေးရည်ရွယ်ပြီး“ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက်” စိုက်ပျိုးစရိတ်ချေးငွေ ဝါစိုက်ဧကတစ်ဧကလျှင် (၃)သိန်းကျပ်နှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ထုတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ပေးရာ၌နို င်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(တိုင်းဒေသ ကြီးအစိုးရ)မှ တစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ထုတ်ချေးမည့် အစီအစဉ်အသေးစိတ် အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ဆက်လက်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News


No comments:
Post a Comment