တပ်မတော်စစ်ကြောင်းများက ကလေး - တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် တမူးမြို့နယ်၊ ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းအား ထပ်မံသိမ်းပိုက်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်စစ်ကြောင်းများက ကလေး - တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် တမူးမြို့နယ်၊ ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းအား ထပ်မံသိမ်းပိုက်ရရှိ






နေပြည်တော်၊ ဇူလိုင် ၂၇

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါ ကလေး-တမူး လမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်း များသည် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဇွန်လ ၇ ရက်မှစ၍ ဟန်ချက် ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသ တစ်ဝိုက်အထိအား လည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော် စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီး တစ်ခု အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်သည့် ထင်းဇင်ရွာသစ်နှင့် ထင်းဇင် ရွာဟောင်းတို့အား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ ထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များသိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်း ကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများအတွင်း စစ်ရေးပစ် မှတ်မဟုတ်သည့် ဌာဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ၌ဘန်ကာများ ပြုလုပ်၍ ခံစစ်စခန်းများပြုလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာနှင့်အသုံးဆောင် ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့်တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးပြီး အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ အဆောက်အအုံများကိုဖျက်ဆီးခြင်း၊ ၎င်းတို့ ၏လုပ်ရပ်များကို မထောက်ခံသည့်ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ခြင်းတို့ကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရ သည့် ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)