ထန်းတပင်(ရန်ကုန်)၊ ဇူလိုင် ၁၆
ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာ များကို သိရှိစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းက အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်များအနေဖြင့်ပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေးနှင့်ဘဝတိုးတက်အောင်မြင်ရေးအကြောင်းအရာများကိုအသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်သတင်းစာဆရာများအသင်းဥက္ကဋ္ဌ ဦးဇော်သိန်းကလူငယ်နှင့်စာပေအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( YMBA )အတွင်းရေးမှူးဦးရန်လင်းအောင်က
အာဇာနည်နေ့အကြောင်းသိကောင်းစရာများနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ ရည်ရွယ်ချက်များ ၊ရည်ညွန်ချက်များအားလည်းကောင်း တက် ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကိုဟောပြောခဲ့ကြသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲနှင့်ဘယ်ခြေညာလက်ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဦးစီးအရာရှိ ဦးအောင်စံထွန်း နှင့်တာဝန်ရှိသူ များကအမှတ်တရလက်ဆောင်များအသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင် များနှင့်သုတရသစာအုပ်စာစောင်များ ကိုကျောင်းသား၊ ကျောင်းသူ များက ကြည့်ရှု့လေ့လာခဲ့ကြကြောင်းသိရသည်။
#MNP #News





No comments:
Post a Comment