ချုံချင့်၊ ဇူလိုင် ၂၀
တရုတ်နိုင်ငံ ချုံချင့်မြို့၊ ဖုန်ဆွေခရိုင်၊ ဟန့်ကျားလမ်းမပေါ်တွင် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က တောင်ပြိုမှုတစ်ခု ဖြစ်ပွားခြင်းကြောင့် လူအများအပြား ပိတ်မိ၍ ပျောက်ဆုံးခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းသည် တတိယမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး အင်အားအသီးသီးသည် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် မြှင့်တင် လုပ်ဆောင်လျက်ရှိကြသည်။
အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးကွပ်ကဲမှုဌာနသည် “လူ့အသက် ကယ်တင်ရေး ဦးစားပေး” အခြေခံမူနှင့် အညီ ကယ်ဆယ်ရေးအစီအစဉ်များကို အသေးစိတ်ဖြစ်စေကာ “စက်ပိုင်းဆိုင်ရာတူးဖော်ခြင်း+လူဖြင့် လိုက်လံရှာဖွေခြင်း” ပေါင်းစပ်သည့် နည်းလမ်းကို အသုံးပြုပြီး ကယ်ဆယ်ရေးအတွက်အကောင်းဆုံးဖြစ်သောရွှေရောင်ကာလကို အမိအရဆုပ်ကိုင်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးကွပ်ကဲမှုဌာနသည် ကျောက်တုံးကြီးများ ဖယ်ရှားရန်အစီအစဉ်ကို လေ့လာရေးဆွဲမည်ဖြစ်ပြီး နက်ရှိုင်းသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ဆင့်တိုးလုပ်ဆောင်သွားမည်ဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် အဆိုပါဒေသသည် ဘေးဒဏ်သင့်နေရာ အနီးဝန်းကျင်ရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ပြန်လည်နေရာချပေးခြင်း၊ ဟိုတယ်များ၌ စုစည်းနေရာချပေးခြင်း စသည့် နည်းလမ်းများဖြင့် အန္တရာယ်ဖြစ်နိုင်ခြေရှိသောနေရာမှ လူများကို ရွှေ့ပြောင်းပေးခဲ့သည်။ လက်ရှိတွင် အနီးအနားရှိ ပြည်သူ ၁,၁၀၀ ကျော်ကို ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။
Ref - (Xinhua)
#MNP #News





No comments:
Post a Comment