မြန်မာ ယူ-၁၂ ကစားသမား ရွေးချယ်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ ယူ-၁၂ ကစားသမား ရွေးချယ်လျက်ရှိ







ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ ယူ-၁၂ အသင်း၏ ကစားသမားရွေးချယ်ပွဲ (ပထမနေ့) ကို ယနေ့ (ဇူလိုင်လ ၁၁ ရက်) တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်တည်း စတင်ကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် ရွေးချယ်ပွဲ ပထမရက်တွင် ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီသို့ ၃၉ ဦးနှင့် မန္တလေး မြန်မာဘောလုံးအကယ်ဒမီသို့ ၂၀ ဦး လာရောက်ရွေးချယ်ခံခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အသက်မီသည့် မည်သည့်လူငယ်မဆို ပါဝင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ယခုပွဲကို ထပ်မံစီစဉ်ပေးခြင်းဖြစ်ပြီး၊ အဆိုပါ ကစားသမားရွေးချယ်ပွဲကို မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)