ဗန်ကောက်၊ ဇူလိုင် ၁၆
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် CI ထုတ်ပေးရေးစခန်း ဝန်ဆောင်ခကောက်ခံမှုဆိုင်ရာ ထိုင်းမီဒီယာသတင်းဌာနတစ်ခု၏ ဖော်ပြချက်နှင့်စပ်လျဉ်း၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းတာဝန်ခံများ၊ ဝန်ထမ်းများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးရန်နှင့် ကြိုတင်အစီအမံများ ဆောင်ရွက်နိုင်ရန်တို့အတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေးခန်းမ၌ ၁၅-၇-၂၀၂၆ ရက် ၁၀၀၀ နာရီအချိန် တွေ့ဆုံလျက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးရေး စခန်းတာဝန်ခံများနှင့်ဝန်ထမ်းများက ၎င်းတို့စခန်းများတွင် CI သက်သေခံလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိခြင်း၊ CI စခန်းများတွင် CI ဝန်ဆောင်မှုအတွက် ကျသင့်ငွေကို လျှောက်ထားသူများအားလုံး ပွင့်လင်းမြင်သာစွာ သိမြင်နိုင်ရန် ပိုစတာများဖြင့် အသိပေးဆောင်ရွက်ထားရှိခြင်း၊ CI လျှောက်ထားသူများကို အသိပညာပေး သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက်ရှိခြင်းတို့အား ရှင်းလင်းပြောကြားသည်။
မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများဘက်မှ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာဖြင့် ပညာရှင်ဆန်စွာ လုပ်ကိုင် ဆောင်ရွက်ရေး၊ တာဝန်ခံမှုနှင့်အတူ နိုင်ငံရေး၊ လုံခြုံရေးအမြင်များထားရှိရေး၊ မြန်မာနိုင်ငံသားများအကျိုးငှာ CI ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စေရန် သက်ဆိုင်ရာဒေသခံ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လုပ်ငန်းစဉ်အဆင့်များ ချမှတ်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာသကဲ့သို့ ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ လုပ်ငန်းများကို ဂရုပြုဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာတာဝန်ခံများအနေဖြင့် CI လုပ်ငန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်၊ မီဒီယာသတင်းများ စောင့်ကြည့်မှုပြုရေးတို့အတွက် အကြံပြုဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဝန်ထမ်းများ၊ အလုပ်သမားသံရုံးမှ အလုပ်သမားသံအရာရှိများ၊ CI စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
#MNP #News


No comments:
Post a Comment