လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများအား ပြည်တွင်း၌ အလုံးစုံ တပ်ဆင်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများအား ပြည်တွင်း၌ အလုံးစုံ တပ်ဆင်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများအား ပြည်တွင်း၌ အလုံးစုံ တပ်ဆင်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရန် မှာကြားသည်။

နိုင်ငံတော်သမ္မတ က လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများနှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်း၌ အစမှအဆုံး အလုံးစုံတပ်ဆင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ EV ကားများကို ပြည်တွင်း၌ အစမှအဆုံး အောင်မြင်အောင် ထုတ်လုပ်နိုင်မှသာလျှင် ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများ သုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း၊ EV ကားများအား ပြည်တွင်း၌ပင် အစမှအဆုံး အောင်မြင်စွာထုတ်လုပ်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ခြင်း ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)