ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၁၇

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services – UNOPS) ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား ယမန်နေ့က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် UNOPS က မြန်မာနိုင်ငံတွင် ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးမှုအစီအစဉ်များ၊ UNOPS နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)