ကျိုက်ထို၊ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံစောလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး ကျိုက်ထိုခရိုင် ဥပဒေအရာရှိ(ကိုယ်စား)ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်အေးအေးနွယ် က သင်တန်း ဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကျိုက်ထိုခရိုင် ဥပဒေရုံးနှင့် မြို့နယ် ဥပဒေရုံးတို့မှ သင်တန်းနည်းပြများက ဥပဒေဆိုင်ရာဘာသာရပ်များကိုသင်တန်းသား၊သင်တန်းသူ များအား ဇူလိုင် (၂၀) ရက်နေ့မှ (၂၃)ရက်နေ့အထိ နံနက် ၉နာရီမှ ညနေ ၄နာရီထိ (၄) ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ တာဝန်ရှိသူများ၊သင်တန်းသား၊သူများတက်ရောက်ကြကြောင်းသိရသည်။
#MNP #News



No comments:
Post a Comment