ဝေါမြို့နယ်တွင် Tramadol ဆေးတောင့်များ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့နယ်တွင် Tramadol ဆေးတောင့်များ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇွန်လ ၂၉ ရက်နေ့ ၂၀၃၀ အချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဘားအံမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ သက်အောင်ထွန်း(ခ)နဂါး မောင်းနှင်ပြီး စိုးမျိုးထွန်း(ခ)ကိုကြီး နှင့် မလဖိုင်နန်ဘောက် လိုက်ပါလာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော စက္ကူဂျပ်ဖာများအတွင်းမှ Tramadol ဆေးတောင့် ၂၀,၅၀၀ တောင့်(ဒေသကာလတန်ဖိုးငွေကျပ် ၁၀၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်အောင်ထွန်း(ခ)နဂါး(၄၃)နှစ်၊ စိုးမျိုးထွန်း(ခ)ကိုကြီး(၄၃)နှစ် နှင့် မလဖိုင်နန်ဘောက်(၃၁)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)