မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည်


ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ရေရှည်စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်နိုင်ရန် အရေးကြီးသည့်အတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဧရာဝတီပင်မမြစ်ကြီးပေါ်တွင်လည်း အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည်ဖြစ်သောကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားစေရန်အတွက် ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ရရှိနိုင်မည့်နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရှာဖွေသည့်နေရာတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများသည်လည်း ထည့်သွင်းစဉ်းစားရမည့်နည်းလမ်းများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် ပြည့်မီရန်အတွက် တစ်ထောင့်တစ်နေရာက အားဖြည့်နိုင်ရန် ၆၆၀ မဂ္ဂါဝပ်အထိ ထွက်ရှိမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေမည့် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ငါးနှစ်အတွင်း အဆင့်လိုက်တည်ဆောက်သွားမည်ဖြစ်သည့်အပြင် နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။


(အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)