ကျိုက်ထို၊ ဩဂုတ် ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ဩဝါဒစရိယဆရာတော်ကြီးများထံမှ စေတီတော် ဘက်စုံဖွံဖြိုးတိုးတက်ရေးဩဝါဒခံယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကင်မွန်းချောင်းကျေးရွာ၊ ကင်မွန်းစခန်းဂေါပကအဖွဲ့ရုံး၌ကျင်းပသည်။
ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများမှ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ဩဝါဒစရိယ အောင်သပြေကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ ထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစိုးလှမှ ဩဝါဒခံယူရခြင်းအကြောင်းကိုလျှောက်ထားပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် အနီးကပ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က သာသနာရေးဆိုင်ရာ လျှောက်ထားချက်များအား ဖြည့်စွက်လျှောက်ထားတင်ပြသည်။
ထို့နောက် ထို့နောက်ဩဝါဒ စရိယဆရာတော်ကြီးများထံ နဝကမ္မလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဆံတော်ရှင်ကျိုက်ထီးရိုးဩဝဒစရိယဆရာတော်ကြီးများ၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် အနီးကပ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစိုးလှနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar





No comments:
Post a Comment