နေပြည်တော်၊ ဩဂုတ် ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး ခြင်းတို့အပြင် ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာဆွေးနွေးသွာ ဆွေးနွေးသွားမည်ဖြစ်သည်။ ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတသည် မင့်စ်မြို့၌ မြန်မာသံရုံးဖွင့်လှစ် အခမ်းအနားနှင့် မြန်မာ - ဘယ်လာရုစ် စီးပွားရေးဖိုရမ်တို့ တက်ရောက်သွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်သည်။
#News #Myanmar

No comments:
Post a Comment