မြောက်ဥက္ကလာ၊ ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီတွင်ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၂ နာရီ အချိန် (ဌ)ရပ်ကွက် ၊ သစ္စာပန်းလမ်းရှိ နိဗ္ဗာန်အောင် ဓမ္မာရုံ တွင်ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းမင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်သော်ကလတ်တလောဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် (ဌ) ရပ်ကွက်ရှိ ပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ဆောင်ရန် ၊ ရှောင်ရန် အချက်များနှင့် လိုက်နာရန် အချက်များအား အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းမင်း ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်သော် နှင့် ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။
သက်လွင်စိုး
#News #Myanmar




No comments:
Post a Comment