ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဟေလုံကျန်းပြည်နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဟေလုံကျန်းပြည်နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ် ၁၉

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ကုန်သည် ကြီးများအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၃) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် (၈) ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ ၂၀၂၇ ခုနှစ် ဇန်နဝါရီတွင်ကျင်းပမည့် တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ဟာဘင်ရေခဲပွဲတော်တွင် ရွှေတိဂုံဘုရားပုံတူရေးဆွဲ၍ ခင်းကျင်းတင်ပြမည့်ကိစ္စ၊ နှစ်နိုင်ငံ ခရီးသွားဆွဲဆောင်ရာနေရာများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ သတင်း အချက်အလက်များကို အပြန်အလှန် ဖြန့်ဝေဆောင်ရွက်ထားရှိမှု၊ နှစ်နိုင်ငံခရီးသွား အေဂျင်စီများအကြားချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်အတွက် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Forum များနှင့် Roadshow များ ကျင်းပဆောင်ရွက်သွားနိုင်ရေး ကိစ္စများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများနှင့် သက်မွေးပညာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း ကဏ္ဍအတွင်း တရုတ်နိုင်ငံသားလုပ်ငန်းရှင်များအား လာရောက်ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ် ဆောင်ရွက်သွားနိုင်ရေး၊ ခရီးစဉ်ရလဒ်များအပေါ် အခြေခံ၍ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ဟေလုံကျန်းကုန်သည်ကြီးများ အသင်းချုပ်နာယက၊ မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး မြှင့်တင်ရေး အသင်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)