အီရန်နဲ့ ပတ်သက်နေတဲ့ အိန္ဒိယကုမ္ပဏီတွေကို အမေရိကန်က ပိတ်ဆို့မှု လုပ်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်နဲ့ ပတ်သက်နေတဲ့ အိန္ဒိယကုမ္ပဏီတွေကို အမေရိကန်က ပိတ်ဆို့မှု လုပ်ပြီ


ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ ) 

အီရန်ရဲ့ ရေနံနဲ့ ဓာတုဗေဒထုတ်ကုန်တွေကို ကုန်သွယ်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က အိန္ဒိယကုမ္ပဏီ ၄ ခုကို တနင်္လာနေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံပြုလုပ်လိုက်တာဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်ကို ကူညီပေးနေသူတွေကို ပစ်မှတ်ထားပြီး "Operation Economic Outcast" လို့ အမည်ပေးထားတဲ့ "တစ်ပြုံလုံး ပါဝင်မယ့် မကြုံစဖူး စီးပွားရေးဆိုင်ရာ ထိုးစစ်" ကို စတင်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူ ခံလိုက်ရတဲ့ ကုမ္ပဏီတွေထဲမှာ အီရန်ရေနံနဲ့ ရေနံထွက်ပစ္စည်း သင်္ဘောတင်ပို့မှုတွေကို တင်သွင်းခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဆာဒါရှီဗား ၊ ပီပီဆော့ဖ်တက် နဲ့ ပရာခရူတီအင်ဖရာ တို့အပြင်၊ အဲဒီလို တင်ပို့နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အကောက်ခွန်ပွဲစား ကုမ္ပဏီ ပေါတီယာဆာပါတနာ တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ အစုရှယ်ယာရှင် ၂ ဦး ကိုလည်း အမည်ပျက်စာရင်းထဲကို ထည့်သွင်းလိုက်ပါတယ်။ 

လက်ရှိမှာ အိန္ဒိယနဲ့ အီရန်တို့ကြား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံနီးပါး ရှိနေပြီး၊ အဲဒီထဲက ၁.၂၅ ဘီလီယံလောက်ကတော့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အဓိကစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေလို လူသားချင်းစာနာမှုအရ ကင်းလွတ်ခွင့်ရထားတဲ့ အိန္ဒိယရဲ့ ပို့ကုန်တွေပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အီရန်က အိန္ဒိယဆီ တင်ပို့တဲ့ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရှိပြီး အဓိကအားဖြင့် ရေနံစိမ်းနဲ့ ဓာတ်ငွေ့ရည် (LPG) တင်ပို့မှုတွေပဲ ဖြစ်ပါတယ်။

ဒီလို ပိတ်ဆို့အရေးယူမှုတွေဟာ အီရန်အစိုးရရဲ့ မသမာတဲ့ လုပ်ရပ်တွေကို ထောက်ပံ့ပေးနေပြီး အရှေ့အလယ်ပိုင်း ဒေသတွင်း တိုက်ခိုက်မှုတွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ ကွန်ရက်တွေအပေါ် ဖိအား ပိုမိုပြင်းထန်လာစေလိမ့်မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။


REF: RT

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)